လွန်ခဲ့တဲ့ ၁၀နှစ်လောက်တုန်းကပေါ့.. အတိအကျဆိုရရင် ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၃၁ ညတုန်းက ကျွန်တော်ဘာလုပ်နေမိသလဲဆိုတာကို တနေ့က စဉ်းစားမိတယ်.. ခင်ဗျားကော ဘာတွေလုပ်သလဲ..
ကျွန်တော်ကတော့ မှတ်မိနေတယ် စာကျက်နေတာ.. အတော်လိမ္မာတဲ့ငါပဲလို့ ထင်မိ.. အဟေးဟေး.. မကျက်လို့မှ မရတာပဲ အဲဒီတုန်းက ၁၀တန်း ညကြီးသန်းခေါင် စာတွေကျက်နေတုန်း လမ်းထဲကလူတွေ ထအော်နေကြတာမှတ်မိသေးတယ် ၂၀၀၀ ခုနှစ်ကိုအပြောင်းဆိုတော့လေ..
ရီလေတီဗီတီသီအိုရီကို သိလား.. မသိရင်လဲထားပါ အိုင်းစတိုင်းကြီး ပြောဖူးတယ်နဲ့ပဲ လုံလောက်ပါပြီ.. အဲဒီ အထဲက အပိုင်းလေးတစ်ခုကိုသတိရနေမိတယ် လှုပ်နေရင် အချိန်ကုန်တာပိုမြန်တယ်တဲ့.. အသေအချာပြောရရင်တော့ နားတွေရှုပ် မျက်စိတွေလည် ကုန်လိမ့်မယ် အဲလောက်နဲ့ပဲကျေနပ် ပိုသိချင်ရင် ၀ီကီပီးဒီးယားဖြစ်ဖြစ် ဂူဂယ်ဖြစ်ဖြစ်ရှာကြည့်.. အဲဒီသီအိုရီမှန်သလားမှားသလားတော့မသိဘူး..
၁။ ကျွန်တော် ပထမတန်းတက်တဲ့ ပထမဆုံးနေ့နဲ့ ဒသမတန်းတက်တဲ့ ပထမဆုံးနေ့ဟာ ၁၀နှစ်တိတိကွာတယ်..
၂။ အထက်ကပြောတဲ့ ၁၉၉၉ ဒီဇင်ဘာ ၃၁ နဲ့ လာမယ့် ၂၀၀၉ ဒီဇင်ဘာ ၃၁ ဟာလဲ ၁၀နှစ်တိတိကွာတယ်..
ဒါပေမယ့် ကျွန်တော့်အတွက် နံပါတ် ၁ အချိန်ဟာ အကြာကြီးပဲ နံပါတ် ၂ အချိန်ဟာ ခဏလေး.. ကျွန်တော်နေတာ အီကွေတာနဲ့ပိုနီးသွားလို့လားမသိ :)
အဲဒါကိုတွေးမိတော့ အတော် ခြောက်ခြားသွားတယ်ဗျာ.. ဟာ သောက်ခွေး သွားပါပြီ ၁၀နှစ်သာကုန်တယ် ဘာမှဖြစ်မလာဘူးဆိုပြီးတော့ လောကကြီးကိုတော်တော်စိတ်ကုန်သွားရော.. ဒါပေမယ့်ပြီးတော့ ငါကဘာဖြစ်ချင်တာပါလိမ့်ဆိုတာကို ထပ်စဉ်းစားရင်း စိတ်သက်သာရာရသွားတယ်.. ဟေးဟေး..
ကိုယ့်တီးဝိုင်းကိုတောင် နာမည်ကို Lost Decade လို့ပေးမိတာ မှားသွားလားမသိ..
0 comments:
Post a Comment