ကျွန်တော်တို့ အလုပ်မှာက လူများတယ်.. ၁၀၀၀ ပါတ်ဝန်းကျင်လောက်ရှိမယ်ဗျ.. အခုတလော တုပ်ကွေးတွေခေတ်ထနေတော့ အလုပ်အ၀င်မှာ အနီအောက်ရောင်ခြည်နဲ့လား ဘာနဲ့လားမသိဘူး အပူချိန်တိုင်းတဲ့ ကင်မရာနဲ့ မော်နီတာတပ်ထားတယ်.. အလုပ်လာသမျှလူ တန်းစီ အဲဒီကင်မရာရှေ့မှာရပ် ပြီးရင်မော်နီတာကိုကြည့် အပူချိန်များလာရင် ကိုယ့်ပုံရိပ်က အနီရောင်များလာတယ်.. ကိုယ်မပူရင်ဆက်သွား ကိုယ်ပူနေရင် ဆေးခန်းလေးဘာလေးသွားပြ ဘာညာပေါ့.. အဲဒီမော်နီတာနားမှာ စောင့်ကြည့်ပေးဖို့လူတစ်ယောက်ပါ ထားပေးထားတယ်..
အခုပြောချင်တာ အဲဒီလူအကြောင်း အခုနက ကျွန်တော်ထမင်းစားပြီးပြန်လာတော့ အဲဒီဆိုခဲ့တဲ့ ကင်မရာကြီးအောက်ကဖြတ်ရတာပေါ့ နေကောင်းနေတယ်ဆိုတော့ မော်နီတာလဲ လှမ်းမကြည့်ဖြစ်ပဲ ဆက်လျှောက်လာတာပေါ့ဗျာ.. အဲဒီမှာ ဟိုစောင့်နေတဲ့ဘဲက လှမ်းပြီးခေါ်ပါလေရော.. ငါများကိုယ်ပူနေလို့လား ဘာများလဲဆိုပြီး သွားလိုက်တော့ သူကမေးတယ်ဗျ တကယ်လို့ဖျားနေရင် အဲဒီ မော်နီတာမှာ ဘာပေါ်လဲတဲ့.. ဟားဟား..
0 comments:
Post a Comment