တောင်ပြာတန်းက မောင့်အချစ်ကို
ကြင်နာပါရက်နဲ့လမ်းခွဲကာ
မောင်ဖန်တီးတဲ့ အချစ်ရက်ရှည်များကို
အခုမှ အလွမ်းပို နေသလို
မောင်အချစ်ဆုံးက မင်းတစ်ယောက်ထဲကို
ဒီအချိန်မှာ အသည်းကသိလိုက်တာ
ဆန္ဒလေးများ နောက်ဘ၀ ရည်စူးကာ
မဖြစ်နိုင်တော့တဲ့ အချိန်မှာ
နှင်းဆမ်းတဲ့ ပန်းကလေးများလဲ လန်းရွှင်အမြဲ
မောင့်ဘ၀ပါပဲ အကြင်နာလေးများ
သို့ပေမဲ့ နှောင်းခဲ့တဲ့ အတိတ်နဲ့ မင်းကိုမောင်လွမ်းနေဆဲ
ချစ်လို့နေမယ် ယုံကွယ်
ငိုချင်ရက်နဲ့ ပြုံးတာလဲ မလွယ်
အာရုံမှာ အလွမ်းအဆွေးများ တ၀ဲလည်
အကြင်နာအချစ်ရဲ့ အနှစ်အရသာလေးများ
အသည်းမှာ အခုမှ မြင်လာ..
0 comments:
Post a Comment