တကယ်ကြီးလားတော့မသိ..
တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. မင်းဟာ..
နံပါတ် (၁) သမား..
မင်းဟာ..ပါးနပ်တယ်.. စကားကိုရှင်းရှင်းပြောတတ်တယ်
ဟာသဥာဏ်ရွှင်တယ် ခေါင်းမာတယ.်. ရိုးသားတယ်.. တစ်ဖက်သားကို မနာလို
ဝန်တိုတတ်တယ် ကြင်နာတတ်တယ်
ဒေါသလွယ်တယ် ဖော်ရွေတယ် တာဝန်ယူလိုစိတ်ရှိတယ် အမြဲတမ်း ကျော်ကြားသူတစ်ယောက်
ဖြစ်ချင်တယ်.. လူတွေအားလုံးရဲ့ အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ
လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.
မိမိကိုယ်ကို ယုံကြည်တတ်တဲ့ လူစားမျိုးဖြစ်တယ်.. ငယ်ငယ်ရွယ်ရွယ်နဲ့
အချစ်ကို တွေ့တက်ကြတယ်.. ဒါပေမယ့်.. ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ
လက်ထပ်ဖြစ်ကြတာများပါတယ်.. အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို
နှစ်သက်တယ်.. အငြိုးအတေးကြီးပြီး.. လက်စားချေတတ်ကြတယ်..
အသုံးအဖြုန်းကြီးသူတစ်ယောက်ဖြစ်ပေမယ့်.. မင်းမှာ အလုပ်အကိုင်ကောင်းတွေ
ရတတ်ပါတယ်.. မင်းသာ အမျိုးသားဆိုရင်.. အရမ်းနာမည်ကျော်မယ်..
ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီး လူတိုင်းက မင်းကို
လေးစားနေပါလိမ့်မယ်.. မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူတစ်ယောက်ဖြစ်တယ်..
ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို မင်းက နေရာစုံသွားနိုင်သူပါ..
ဘာဖြစ်လို့လဲဆိုတော့.. ကိစ္စတော်တော်များများကို မင်းက တစ်ဖက်ကမ်းခတ်အောင်
သိနေတတ်တယ်လေ.. ဒါပေမယ့်.. မင်းရဲ့ဘ၀မှာ.. တချို့လူတွေက မင်းဘဝ
နိမ့်ကျသွားအောင်.. နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတတ်ပါတယ်..
ဒါကလည်း မဆန်းပါဘူး... လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ.. မင်းရဲ့မိသားစုဘ၀က
အေးချမ်းလွန်းပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီး
ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်.. မင်းဟာ..ရှေ့ဆောင်သူ..
လွတ်လပ်မှုကို မြတ်နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..မင်းရဲ့
အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8 ...သင့်တင်တဲ့သူတွေကတော့..
3, 5, 7!!!
တကယ်လို့..မင်းဟာ..လတွေရဲ့ 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. မင်းဟာ..
နံပါတ် (၂) သမား..
မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက
ချစ်ကြပါတယ်..ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာ လ နဲ့ တူလို့ပါ.. လကို
လူတိုင်းက သဘောကျသလိုမျိုးပေါ့.. ပြီးတော့ မင်းဟာ.. စိတ်ကူးအရမ်းယဉ်တတ်သူ
တစ်ဦးလည်းဖြစ်တယ်... မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..
မင်းဘ၀မှာ ပြန်ပြီး သုံးသပ်သင့်စရာတွေချည်းပဲ... မင်းဟာ ခန့်မှန်းရခက်တဲ့သူ
တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို လိုက်ပြီး မင်းဟာ
အမြဲတမ်းပြောင်းလဲနေတယ်.. တစ်ကိုယ်ကောင်းဆန်ပြီး အနုပညာဘက်မှာ
အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို ညက်ညောပြေပြစ်တယ်.
မင်းရဲ့အပြုအမှုတွေဟာ လလိုပဲ.. နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး....
လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို ရောက်လာပြီ.. သူတို့တွေ
စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတတ်တယ်..
မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့. ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...
ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ်
(ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ). တကယ်လို့များ..
ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်... မင်းဟာ
အောင်မြင်မယ့်သူတစ်ဦးပါ... အများစုသော မင်းရဲ့စကားလုံးတွေဟာ
ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..! တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး
ခံစားမိတတ်သူတစ်ဦးပါ. မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ
ကျင်လည်မှုသူတစ်ဦးပါ... မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တတ်သူတစ်ဦးပါ..
မင်းလက်ထပ်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ မင်းဟာ အချစ်အပေါ်
သာမန်ပဲခံစားနေတက်သူတစ်ဦပါ.. မင်းဟာ မိန်းကလေးဆိုရင်တော့.. မိသားစုမှာ
တာဝန်သိ အမျိုးသမီးတစ်ဦး ဖြစ်နေပါလိမ့်မယ်.. မင်းဟာ
ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ.. ငြင်းခုန်မှု
တွေကို သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်.. ဒါမှမဟုတ် ပြောင်းပြန်လည်း
ဖြစ်နေတက်ပါတယ်.. ဆိုလိုတာက. မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင်
စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ... မင်းဟာ သိမ့်မွေ့တယ်..
အမြင်ကျယ်တယ်.. သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်.. လူတွေနဲ့
လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ.. မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့
2, 5, 9.. တခြားသူတွေနဲ့ဆိုရင်တော့.. အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!
တကယ်လို့..မင်းဟာ..လတွေ ရဲ့3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. မင်းဟာ..
နံပါတ် (၃) သမား..
နှလုံးသားမာကျောပြီး တစ်ကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို
ကိုင်းရှိုင်းတတ်သူတစ်ဦးပါ.. တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ
မိသားစုပြဿနာတွေကို လျှော့ကျဖို့လိုလားပေမယ့်. ပြဿနာတိုင်းက မင်းဆီကနေပဲ
မြစ်ဖျားခံတတ်တာ များပါတယ်. မင်းဟာ သြဇာအာဏာကြီးမားပြီး..
နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ.. ဒါကြောင့်..
ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း
ပြင်းထန်စွာကြိုးစွာနေရတက်တယ်.. မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ
ရှားပါးလှပါတယ်.... အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ
ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်.. ဘာကြောင့်လဲဆိုတော့..
ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ နှစ်သက်လို့ပဲ.. အဲလိုလည်း
မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ
အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး.. မင်းနဲ့ဆက်ဆံဖို့ဆိုတာ.. ခက်ခဲတ
ဲ့အလုပ်တစ်ခုပါ.. မင်းဟာ စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပဲ...
ဒါပေမယ့်လည်း.. တစ်စုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း.
မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်... မင်းဟာ
အမြဲလိုလို.. သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ.. မင်းဘ၀မှာ
ရန်သူတွေ ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက
ကြာရှည်မခံပါဘူး.. ဘာကြောင့်လည်းဆိုတော့.. မင်းက
ပါရမီရှင်တစ်ယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..
မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်..
သူရဲ့စေခိုင်းမှုအောက်မှာ.. အဆုံးမရှိ ကြိုးစားခြင်းတွေ
ရုန်းကန်ခြင်းတွေနဲ့. မင်းဟာ နပန်းလုံးနေရတတ်တယ်... မင်းဟာ
အမျိုးသားတစ်ဦးဆိုရင်တော့.. အားလုံးဟာ ပြီးပြည့်စုံနေပါပြီ.. မိသားစုကို
စောင့်ရှောက်တယ်.. သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..
ကြင်နာမှုတွေနဲ့ အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ).
ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်.. တကယ်လို့..မင်းဟာ
အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ.. ယဉ်ကျေးသိမ်မွေ့မှုတွေ..
အလုပ်ကြိုစားမှုတွေနဲ့ ပြည့်နေမှာပါ.. မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ..
တီထွင်သူ.. ရည်မှန်းချက်ကြီးသူ.. အာရုံစူးစိုက်လုပ်တက်သူ ပြီးတော့. ကမ္ဘာကို
အလှ.. မျှော်လင့်ချက်.. ပျော်ရွှင် မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9.
သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!
တကယ်လို့..မင်းဟာ..လတွေရဲ့4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. မင်းဟာ..
နံပါတ်(၄) သမား..
မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ.. အလုပ်ကို
အရမ်းကြိုးစားတယ်.. ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့
ကံမကောင်းတတ်ပါဘူး.. အေးဆေးနေတက်တယ်.. ကူညီတတ်သူဖြစ်ပေမဲ့.. စကားပြောတာက
ပွင့်လင်းလွန်းပါတယ်.. အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ..
တစ်ခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီး အဝေးကို
ပြေးသွားတတ်ကြပါတယ်.. မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့
ပြဿနာတွေကို ကောင်းကောင်းကြီး နားလည်နေပြန်ရော... အချိန်တိုင်းလိုလို
မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတတ်ပြီး..
အမျိုးသမီးငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..
မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ.. ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို
ပြေးသွားတက်ကြပါတယ်.. အဲဒီအခါကြရင်တော့.. မင်းဟာ
ခိုကိုးရာမဲ့နေပြီဆိုတာ.. အသေအချာပါပဲ.. အဲဒီအတွက်..လုံးဝသတိပြုပါ..
မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတတ်တာပါပဲ..
မင်းဟာ ငယ်ရွယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်.. မင်းဘ၀မှာ တခါတရံ
အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတတ်တယ်.. ဥပမာ.. မင်းဟာ
ဘွဲ့တစ်ခုခုရထားပေမယ့်.. အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်..
အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့.. ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..
မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်.အဓီက သတိထားရမယ်လူတွေကတော့..
မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို
အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်
ဆက်ဆံရေးကို အထူးသတိပြုပါ..အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့
အနုပညာပိုင်းမှာ ထွန်းပေါက်နိုင်ပါတယ်.. မင်းဟာ..စိတ်ရှည်တယ်..
ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီး..
အစီအစဉ်တကျလုပ်ကိုင်တတ်သူတစ်ယောက်ဖြစ်တယ်... မင်းရဲ့အကောင်းဆုံးအဖော်မွန်တေ
ွကတော့.. 1, 8. သင့်တော်တဲ့သူတွေကတော့...5, 6, 7! !!
တကယ်လို့..မင်းဟာ..လတွေရဲ့5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. မင်းဟာ..
နံပါတ် (၅) သမား...
မင်းဟာ မင်းပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ။
မင်းရဲ့နှုတ်ထွက်စကားလေးနဲ့တင်.. မင်းအလိုရှိရာကို ရနိုင်ပါတယ်.. မင်းဟာ
စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်.. ဒါပေမယ့်.. မင်းဟာ
စနစ်ရှိသူတော့မဟုတ်ပါဘူး.. ခေါင်းထဲပေါ်လာတာကို လုပ်တတ်သူပါ. တကယ်လို့
စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်မယ်ဆိုရင်လည်း.. အောင်မြင်မယ့်သူပါ..
ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်း
ဖြစ်နေပြန်ရော..မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့. မင်းဟာ တကယ့်
ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ. တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ
ကူညီတတ်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့ မြှာပွေတက်ပေမယ့်.. ဘ၀ကို
တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက်ကြည့်ပြီးမှ
ရွေးချယ်တတ်သူပါ.. မင်းဟာ လက်ထပ်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ့်သူပါ..
အဲဒီအတွက်.. သတိထားရမယ့် အချက်ကတော့မင်းရဲ့ ခြေရှုပ်ချင်တဲ့
စိတ်ထားလေးပါပဲ.. အသိတရားနဲ့ ထိန်းချုပ်ရင်တော့.. အရာအားလုံး
အဆင်ပြေနေပါလိမ့်မယ်... မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..
ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ အလယ်ဂဏန်း
ဖြစ်နေလို့ပဲ..ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ..
ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့..အတွေ့အကြုံကနေ မင်းဘ၀ကို
တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ.မင်းရဲ့အကောင်းဆုံး
ဆရာသမားဖြစ်နေလေရဲ့... မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9.
သင့်တော်တဲ့သူကတော့. 6, 8!!!
တကယ်လို့..မင်းဟာ..လတွေရဲ့6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. မင်းဟာ..
နံပါတ် (၆) သမား...
အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..
မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့.. ဆိုလိုတာက
မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ.. မင်းဟာ ပညာရေး..
အလုပ်.. စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ.. မင်းဟာ
ကြင်နာတတ်ပါတယ်.. (ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့
လူတွေအပေါ်မှာသာ)..... ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း.
ကံကောင်းခြင်းတွေ စုနေတတ်ပါတယ်..ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့
ပြောလို့ရနိုင်ပါတယ်.မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာအချစ်ကိစ္စတွေမှာလှိုင်လှိုင်လှဲလှဲရှိလှပါတယ်..တခြားနံပါတ်တွေရဲ့ချစ်ခြင်းမေတ္တာကိုခံရတက်ပါတယ်...
ဒါပေမယ့်..မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ
မိန်းကလေးငယ်များနဲ့ ရင်းရင်းနှီးနှီးနေရတာကိုနှစ်သက်တဲ့သူတဦးပါ..
အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို
စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်.. ကြင်နာတက်သူတွေပဲ မင်းဘ၀ထဲကို
ဝင်လာပါလိမ့်မယ်.. ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ...
စာနာတက်သူ... နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ.. အိမ်ထောင်မှုနိုင်နင်းသူ..
ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ... ကုန်ကုန်ပြောရရင်..
မင့်ရဲ့အကြင်နာတွေနဲ့.. ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို
ကုစားပေးနိုင်သူတယောက်ပါပဲ... မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1,
6, and 9. သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!
တကယ်လို့..မင်းဟာ..လတွေရဲ့ 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. မင်းဟာ..
နံပါတ် (၇) သမား..
မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ. မိမိကိုယ့်ကို
ယုံကြည်တက်တယ်.. ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ.. ပညာရေးမှာ ထူးချွန်သူ
တစ်ဦးပါ။ ဂီတ.အနုပညာ.. သီချင်းဆို.. သရုပ်ဆောင်နယ်ပယ်တွေမှာလည်း..
ထူးချွန်နိုင်သူပါ. မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါ သစိတ်ပါပဲ.
အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်။
မင်းဟာ.. မင်းမိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်.. (ဆိုလိုတာက
မိသားစုကို အရမ်းတန်းဖိုးထားတတ်တာပါ) အရွယ်ရလာတာနဲ့အမျှ
မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..
အမျိုးသားတစ်ဦးဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ..
ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်. နံပါတ် (၇) သမားအများစုဟာ
သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်.. အနည်းစုလောက်ပဲ
ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ.... မင်းရဲ့ဘ၀မှာ
အရာအားလုံးရှိနေပေမယ့်..အလိုမကျမှုတွေ.. စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း
ရှိနေတက်ပြန်ရော.. ဒါကလည်း.. ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင်
ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မင်းတစ်ယောက်လောက်ပဲ
အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတတ်ပါတယ်.. ဒါကြောင့်.. ကြင်ဖော်ကို
စောင့်စားနေတာထက်. ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး
ရှာထားသင့်ပါတယ်... အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို
အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ.. ဒါကြောင့်..
ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်.. မင်းဟာ
အံဖွယ်ကောင်းသော ဖော်ရွေသော ယဉ် ကျေးသိမ်မွေ့သော ပျော်ပျော်နေတက်တဲ့
လူတစ်ယောက်ပါ.. မင်းဟာ ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့
မွေးဖွားလာသူတစ်ဦးပါ.. မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2.
သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!
တကယ်လို့..မင်းဟာ..လတွေရဲ့8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. မင်းဟာ..
နံပါတ် (၈) သမား...
မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ
မင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး. သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ
တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ
ဆင်းရဲ့နုံချာနိုင်ပါတယ်. အခြေအနေက မပေးဘူးဆိုရင်တော့..
မင်းရဲ့မိဘတွေကိုတောင် စောစီးစွာ လက်လွှတ်ရနိုင်ပါတယ်..
ဒီလိုမျိုးအဖြစ်အပျက်တွေက မင်းဘ၀ထဲမှာ မကြာခဏဖြစ်နေမယ့် အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ
ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်။ မင်းဟာ တရားမျှတမှုအတွက်
တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ.. ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ
ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ရော... ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ
့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ.. ဘ၀ကိုလည်း.. အထီးကျန်စွာ
ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တစ်ပါးသူကို ကူညီဖို့အသင့်ရှိနေသူ
တစ်ဦးပါ.. မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့်
အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတတ်ပါတယ်)။ မင်းရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ
လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်.. ပြီးတော့ မင်းဟာ
လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်. မင်းဟာ
မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း.. ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..(
အမှုအခင်းများ.. အဆိပ်ရှိသတ္တ၀ါများ.. မတော်တဆထိခိုက်မှုများနဲံ
ကြုံတွေနိုင်ပါတယ်) သို့ပေမဲ့.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရ
ိယရှိသူ.ရဲရင့်သူ.. ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ. အဲဒါတွေကပဲ
မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ.. မင်းဟာ မိသားစုရဲ့ အဓိက
အစိတ်အပိုင်းတစ်ခုပါ.. အားကိုယ်ရဆုံးသူ တစ်ဦးလည်းဖြစ်ပြီး..
ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော ... မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့..
1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!
တကယ်လို့..မင်းဟာ..လတွေရဲ့9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. မင်းဟာ..
နံပါတ် (၉) သမား..
မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့.. မင်းဟာ ရုပ်ပိုင်း.. စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ.. ရည်မှန်းချက်ကြီးမားသူ တစ်ဦးလည်း ဖြစ်ပြန်ရော... မင်းဟာ အလုပ်ကို အရမ်းကြိုးစား လုပ်ကိုင်ရမှာဖြစ်ပြီး.. အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ.. သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့ လုံးပန်းနေရတက်ပါတယ်.. ပြီးတော့ ဘ၀ဟာလည်း. ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်.. မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပါလိမ့်မယ်.. စိန်ခေါ်မှုတွေကို နှစ်သက်ပြီး.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တတ်သူတစ်ဦးပေါ့.. မင်းဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ.. ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့.. မင်းဟာ အေးဆေးတည်ငြိမ်လာပြီး.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော.. ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ.. မင်းရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့် မင်းကလေးတွေ အတွက်တော့ စိုးရိမ်ရပါလိမ့်မယ်.. မင်းဟာ လူလူချင်းစာနာတတ်သူ.. စိတ်ရှည်သူ.. ပညာဥာဏ်ကြီးမားသူ.. နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ... မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ် အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ.. မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ.. မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့ အဖော်မွန်ကတော့ 2..
0 comments:
Post a Comment